HealthPlatformforMyanmar

Vape သောက်သုံးခြင်းကြောင့်သေဆုံးသူဦးရေ ပိုများလာကြောင်းလေ့လာတွေ့ရှိ

လူငယ်တွေကြားမှာ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဆေးလိပ်အစားထိုး e-cigarette သောက်သုံးခြင်းဟာ အဆုတ်ကင်ဆာရောဂါ အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပွားကာ သေဆုံးမှုနဲ့ ဆပ်စပ်နေတယ်လို့ အမေရိကန်နိုင်ငံ ရောဂါရှာဖွေရေးနဲ့ ထိန်းချုပ်ရေးစင်တာက သုတေသီတွေက အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

အခုနောက်ဆုံး ပြုလုပ်လိုက်တဲ့ လေ့လာမှု စစ်တမ်းတွေအရ အဆုတ်ရောဂါ ဖြစ်ပွားမှုပေါင်း ၅၃၀ ကျော်ဟာ ဆေးလိပ်အစားထိုး Vape သောက်သုံးခြင်းကြောင့် ဖြစ်ပေါ်နေရတာဖြစ်ပြီး ဒီထဲမှာမှ လူ ၇ ဦးခန့်ဟာ သေဆုံးသွားခဲ့ပြီလို့လည်း စစ်တမ်းတွေက ဖော်ပြနေပါတယ်။

သြဇာသီး စားပါ

သြဇာသီးဟာ ကျန်းမာရေးအတွက်များစွာအထောက်အကူပေးပြီး ဗီတာမင် စီ နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး မလိုလားအပ်တဲ့ free radicals တွေကိုနှိမ်နှင်းပေးတာကြောင့် အသည်းကိုပျက်စီးစေနိုင်တဲ့အရာတွေလျော့ကျသွားစေပါတယ်။ကစီဓါတ်ကြွယ်ဝတာကြောင့် ခွန်အားကိုတိုးပွားစေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

လေးညှင်းပွင့်၏ ကျန်းမာရေးကောင်းကျိုးများ

လေးညှင်းပွင့်၏ ကျန်းမာရေးကောင်းကျိုးများက သွားနှင့်ခံတွင်းအတွက်တင်မက လေပွခြင်း၊ချောင်းဆိုးခြင်းများအတွက်ပါ ကောင်းမွန်စေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

မျှစ်စားခြင်းကရရှိမယ့် ကျန်းမာရေးကောင်းကျိုးများ

မျှစ်စားခြင်းကရရှိမယ့် ကျန်းမာရေးကောင်းကျိုးများ

(၁) အစာခြေစနစ်ကျန်းမာခြင်း

မျှစ်ဟာ အစာအိမ်ရဲ့ အစာချေဖျက်တဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေ ပါတယ်။ မျှစ်ဟာ အစာအိမ် ဝေဒနာကို သက်သာစေပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါကိုလည်း သက်သာစေပါ တယ်။

(၂) နာတာရှည်ရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

မျှစ်မှာ ဖီနောလစ်အက်စစ် များစွာ ပါဝင်မှုကြောင့် ရောင်ရမ်းမှု လျော့ကျပြီး အင်တီအောက်ဆီးဒင့် အစွမ်း ရှိပါတယ်။ ဒါကြောင့် နှလုံးရောဂါ အပါအဝင် နာတာရှည် ရောဂါတွေ ကို လျော့ ကျစေပါတယ်။ မျှစ်မှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာလည်း နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေတဲ့ အမူအကျင့်များ

ကျန်းမာရေးကို တဖြည်းဖြည်းထိခိုက်စေတဲ့ အမူအကျင့်များ
-------------------------------------------------------------
ဆေးလိပ်သောက်တာ၊ အသင့်စား အစားအစာတွေကို နေ့စဉ်နီးပါး စားသုံးနေ မှ ကျန်းမာရေးကို ထိခိုက်စေနိုင်တာ မဟုတ်ပါဘူး။ တခါတရံမှာ သင်မထင်မှတ်ဘဲ ပြုလုပ်လိုက်တဲ့ အလေ့အကျင့်တွေဟာ သင့်ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအကြောင်းအရာတွေ သတိပြုမိနိုင်အောင် သင့်ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ပလတ်စတစ် ရေဘူးတွေနဲ့ ရေထည့်သောက်ခြင်း

ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းစေဖို့ သဘာဝနည်းလမ်းများ

ဆားဝက်ခြံနှင့် ချွေးပေါက်ကျဉ်းစေဖို့ သဘာဝနည်းလမ်းများ
=======================================

မျက်နှာအဆီပြန်ပြီး ဝက်ခြံ၊ ဆားဝက်ခြံ ရှိသူတွေအတွက် အဓိကပြဿနာဖြစ်တဲ့
ချွေးပေါက်လေးတွေ ကျဉ်းအောင် လုပ်နိုင်တဲ့ အိမ်တွင်းနည်းလမ်းများကို ဖော်ပြပေး
လိုက်ပါတယ်။

လည်ပင်းအရိုးစူးတဲ့အခါ ပြုလုပ်သင့်တဲ့အရာများ

ငါးရိုးစူးခြင်းဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရခက်တဲ့ဝေဒနာတမျိုးလို့တော့ ပြောလို့ရပါတယ်။ အရိုးစူးတဲ့အခါ အစားအသောက်ပျက်ပြီး နေရထိုင်ရခက်တာကြောင့် အမြန်ဆုံးသက်သာချင်စိတ်နဲ့ မလုပ်သင့်တာတွေ လုပ်မိတတ်ပါတယ်။

ဒါကြောင့်မို့လို့ မတော်တဆလည်ပင်း အရိုးစူးတဲ့အခါ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံပရာရည်

သံပရာသီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ လည်ချောင်းတဝိုက်မှာ ထောက်နေတဲ့ ငါးအရိုးကို ပျော်ကျသွားစေ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်လောက်ကို ရေအနည်းငယ်နဲ့ရောပြီး သောက်ပေးသင့်ပါတယ်။

အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးမသုံးသင့်တဲ့အကြောင်းအရင်း

ရေနွေးပူလောင်တာ၊ ဆီပူလောင်တာနဲ့ အပူလောင်တာမျိုးတွေ ဖြစ်တဲ့အခါ တော်တော်များများက လွယ်လွယ်ကူကူ အိမ်သုံးဆေးအဖြစ် သွားတိုက်ဆေးကို အပူလောင်ထားတဲ့ အရေပြားပေါ်မှာ သုတ်လိမ်းတတ်ကြပါတယ်။

သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်း အေးမြတဲ့ အထိအတွေ့ကြောင့် အပူလောင်ခြင်းကို သက်သာစေနိုင်တယ်လို့ ထင်ရပေမယ့် ဒါဟာ အရေပြားအတွက် ကြီးကြီးမားမား အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ရှင်းလင်းပြောဆိုထားပါတယ်။

ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု Telemedicine ဆိုတာ

ယနေ့ကမ္ဘာမှာ အသုံးပြုနေကြတဲ့ Telemedicine ဆိုတာဟာ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာတွေကို အသုံးပြုပြီးအင်တာနက်၊တယ်လီဖုန်းအစရှိသည်တို့ကနေ ဆရာဝန်နဲ့လူနာ တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဆေးကုသမှုခံယူခြင်းပဲ ဖြစ်ပါတယ်။

ဒီနည်းပညာကို ၁၉၆၀ခုနှစ်ခန့်မှာ စတင်တီထွင်အသုံးပြုခဲ့ကြပြီး ၂၀၁၄ခုနှစ်ဝန်းကျင်မှာတော့ တွင်ကျယ်စွာ အသုံးပြုလာကြတာကို တွေ့မြင်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ၂၀၁၇ခုနှစ်ဝန်းကျင်ခန့်က စတင်ပြီးတော့ Telehealth service တွေကို လက်ခံအသုံးပြုနေကြပြီဖြစ်ပါတယ်။ ☺️

ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ

ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ
-----------------------------------------------------------

• Ultrasound တယ်လီဗွီးရှင်းဓာတ်မှန် လို့ပြောလိုက်တာနဲ့ မိခင်လောင်းတိုင်းက ကိုယ့်ရင်သွေးလေး ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ်နဲ့ ရိုက်ကြည့်ချင်ကြတာပါ.

Featured on