သန္ဓေတည်ခြင်း နှင့် ကိုယ်ဝန်ဆောင်ခြင်း

အရွယ်ရောက်ပြီး အရွယ်မလွန်သေးတဲ့ မိန်းကလေးတယောက်မှာ လစဉ်လတိုင်း ရာသီလ အလည်ရက် လောက်မယ် Ovary မျိုးဥအိမ် တဖက်ဖက်ကနေ မ-မျိုးဥတခုတိတိ ထွက်နေမယ်။ ဒါကို Ovulation မျိုးဥထွက်ခြင်းလို့ ခေါ်တယ်။ ခန့်မှန်းခြေပြောရရင် ရာသီစလာတဲ့နေ့ရဲ့ နောက် ၂ ပါတ်အကြာမှာဖြစ်မယ်။

Ovary မျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ Fallopian tube သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။ အဲဒီခရီးအတွင်းမှာ (ဗဂျိုင်းနား-သားအိမ်) ကနေဝင်လာမဲ့ Sperm ကျားသုက်ပိုးနဲ့ တွေ့လိမ့်မယ်။

ယောက်ျားတယောက်ကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးတိုင်းမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ Sperm သုက် အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။

အမျိုးသမီး Vagina ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ Uterus သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။

အမျိုးသမီးကိုယ်ထဲမှာ သုက်ပိုးဟာ ၄၈ နာရီကနေ ၇၂ နာရီအထိ ရှင်နေနိုင်တယ်။ ပန်းတိုင်အထိ အရောက် ကူးလာနိုင်တဲ့ သုက်ကောင်ရေ ရာဂဏန်းလောက်သာ ရှိတယ်။

Sperm တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ Egg မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့ Conception သန္ဓေတည်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။

ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇ
အသစ်ပုံဖေါ်မှု ပြီးဆုံးသွားပြီ ဖြစ်တယ်။ မွေးလာမဲ့ကလေးဟာ မိန်းကလေးလား၊
ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။

မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက
ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။

Fertilized egg ပေါင်းစပ်ပြီးသာမျိုးဥဟာ (ဆဲလ်) တခုထဲရှိရာကနေ ချက်ချင်း (ဆဲလ်) ကွဲဖြစ်စဉ် စတင်ပါတော့တယ်။ ၁ ခုထဲကနေ ၂ ခု၊ ၄ ခု၊ ၈ ခု၊ ၁၆ ခု စသဖြင့် ပွါးပွါးလာတယ်။ သားအိမ်ပြွန်ထဲမှာ စုစုပေါင်း ၃-၄ ရက်သာနေပြီး သားအိမ်ထဲ ဆင်းလာတယ်။ ဆင်းမလာဘဲနေရင် Ectopic pregnancy or tubal pregnancy သားအိမ်ပြင်ပ-သန္ဓေတည်တာ ဖြစ်လိမ့်မယ်။

သားအိမ်ထဲကို ရောက်လာတာနဲ့ နေရာကောင်း လိုက်ရှာပြီး တွယ်ကပ်မယ်။ သားအိမ်-အတွင်းဆုံးလွှာ Endometrium မှာ ဝင်ရောက် နစ်မြုပ်တွယ်ကပ်တာကို Implantation ခေါ်တယ်။

(ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်
အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။

• Pregnancy Hormones ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုး အချိန်ကိုက်ထွက်လာမယ်။ Conception သန္ဓေတည်ခြင်းဖြစ်စဉ် ပဌမပါတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက Human chorionic gonadotropin (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပါတ်စောင့်ရတယ်။

• ၄ ပါတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ Heart နှလုံးဟာ ၅ ပါတ်အကြာမှာ ဖြစ်လာတယ်။ Brain ဦးနှောက်၊ Spinal cord ခါးရိုးထဲကအာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေဖြစ်လာမယ်။

• ၈ ပါတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပါတ်အထိ ဆက်ကြီးထွားလိမ့်မယ်။

• ၁၂ ပါတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။

• ၁၆ ပါတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။

• ၂ဝ ပါတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ Ultrasound (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပါတ်မှာ လုပ်တယ်။

• ၂၄ ပါတ်ရှိရင် ၁့၄ ပေါင်လေးနေပြီ။

• ၂၈ ပါတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။

• ၃၂ ပါတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားပောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။

• ၃၆ ပါတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။

• ၃၇ ပါတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့ ခေါ်နိုင်တယ်။ ANC မှတ်တမ်းမှာ ၄ဝ ပါတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပါတ်ကနေ ၄၂ ပါတ် အတွင်း ဖြစ်မယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/32rbBx8
----------------------------------------
www.myhealthcare.com.mm

Page views: 3,192

Healthy Organization, provided by MyHealthcare

Featured on