အိပ်ရာဝင်နောက်ကျခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ

အိပ်ရာဝင်နောက်ကျခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးများ
-------------------------------------------------------
ရောဂါဝေဒနာတွေ ဖြစ်ပွားလာရခြင်းဟာ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေနဲ့ ဆိုင်သလို အိပ်စက်အနားယူချိန်နဲ့လည်း ဆက်စပ်နေပါတယ်။ ညဘက်အိပ်ရာဝင်နောက်ကျခြင်းဟာ အခုဖော်ပြပေးမယ့် ကျန်းမာရေးပြဿနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

(၁) သွေးပေါင်ချိန်မြင့်တက်စေတယ်

လေ့လာချက်တွေအရ ညဘက်အိပ်ရာဝင်နောက်သူတွေဟာ သွေးပေါင်ချိန်မြင့်တက် လာစေနိုင်တယ်လို့ ဆိုပါတယ်။ သွေးပေါင်ချိန်မြင့်တက်လာခြင်းနဲ့ သွေးတိုးရောဂါဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရာတွေထဲမှာ အိပ်ရာဝင်နောက်ကျခြင်းကြောင့် အိပ်ချိန်အလုံအလောက်မရရှိခြင်းက တခုအပါအဝင်ပဲ ဖြစ်ပါတယ်။

(၂) ကိုယ်အလေးချိန် တက်လာစေနိုင်တယ်

ခန္ဓာကိုယ်ဟာ အိပ်စက်အနားယူနေရမယ့် အချိန်မှာ နိုးထနေတဲ့အတွက် သာမန်အချိန်တွေထက်ပိုပြီး ဆာလောင်တတ်ပါတယ်။ ဗိုက်ဆာနေတဲ့အတွက် မြင်မြင်သမျှကို စားမိနေတတ်ပြီး အစားစားချင်စိတ်ကိုလည်း မြင့်တက်စေတာကြောင့် ဝိတ်တက်လာနိုင်ပါတယ်။

(၃) ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတယ်

လေ့လာချက်တွေအရ ညဘက်အိပ်ရာဝင်နောက်ကျသူတွေဟာ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။ သွေးပေါင်ချိန်မြင့်တက်လာတာနဲ့အမျှ သွေးတွင်းသကြားဓာတ်ဟာလည်း မြင့်တက်လာနိုင်တာကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

(၄) ဦးနှောက်စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်

အိပ်စက်ပြီးအနားယူရမယ့်အချိန်မှာ နိုးထနေတာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပင်ပန်းလာပြီး ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို ထိခိုက်လာစေတာ ဖြစ်ပါတယ်။

(၅) အစာအိမ်ရောဂါ ဖြစ်နိုင်ခြေများစေတယ်

ညဘက်အိပ်စက်အနားယူချိန်မှသာ ခန္ဓာကိုယ်တွင်းက အစာခြေစနစ်ဟာ အနားယူရတာ ဖြစ်ပါတယ်။ ညဘက်အိပ်ချိန်မှာ မအိပ်စက်တဲ့အခါ အစာအိမ်က အစာခြေအက်ဆစ်အရည်တွေဟာ ထွက်နေတာကြောင့် အစာအိမ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတာဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 574

Healthy Organization, provided by MyHealthcare

Featured on