သွေးပေါင်ကျတတ်သူတွေ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်

သွေးပေါင်ကျတတ်သူတွေ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သွေးပေါင်ကျခြင်းဟာ သွေးတိုးခြင်းလိုပဲ ကျန်းမာရေးအတွက် အန္တရာယ် ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ သွေးပေါင်ချိန်ဟာ ၁၂၀/၈၀ ဖြစ်ပြီး ၉၀/၆၀ အောက် ရောက်သွားရင်တော့ သွေးပေါင်ကျတယ်လို့ သတ်မှတ်လို့ရပါတယ်။

သွေးပေါင်ကျခြင်းဟာ မွေးရာပါ သွေးအားနည်းခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်း မညီမျှတဲ့ အခါမျိုးမှာ ဖြစ်ပေါ်တတ်ပြီး ရေရှည်စွဲမြဲသောက်သုံးတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မကြာခဏ သွေးပေါင်ကျတတ်သူတွေ သတိထားပြီး လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) ရေများများ သောက်ပါ

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျတတ်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။ သင့်အနေနဲ့ မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင်တော့ ရေများများ သောက်ပေးသင့်သလို အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း စားပေးသင့်ပါတယ်။

(၂) ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို များများ စားပေးပါ

ဗီတာမင် B12 ချို့တဲ့တဲ့ အခါမျိုးမှာလည်း သွေးပေါင်ကျခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ကြက်ဥ၊ ဘဲဥ စတဲ့ ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။

(၃) သောက်နေကျ ဆေးဝါးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ

နှလုံးရောဂါ ဆေးဝါးတွေနဲ့ အသည်းရောဂါဆေးတွေ ရေရှည်စွဲမြဲသောက်သုံးတဲ့ အခါမျိုးမှာ သွေးပေါင်ကျတတ်တာကြောင့် မကြာခဏ သွေးပေါင်ကျတတ်တယ်ဆိုရင် မိမိသောက်နေကျဆေးဝါးတွေကို ဆရာဝန်နဲ့ ပြန်လည် တိုင်ပင်သင့်ပါတယ်။

(၄) ထိုင်တဲ့အခါမှာ ခြေချိတ်ပြီး ထိုင်ပါ

ဆေးပညာရှင်တွေရဲ့အဆိုအရ ထိုင်တဲ့အခါ ခြေချိတ်ပြီး ထိုင်ခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေတာကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ပြုလုပ်သင့်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။

(၅) ကိုယ်နေဟန်ထား အပြောင်းအလဲကို သတိပြုပါ

ထိုင်ရာကနေ ရုတ်တရက်မတ်တပ်ထရပ်တာမျိုးနဲ့ တဖက်ကို ခေါင်းလှည့်တာမျိုးဟာ မူူးဝေပြီး လဲကျတဲ့အထိ ဖြစ်စေနိုင်တာကြောင့် သွေးပေါင်ကျတတ်သူတွေအနေနဲ့ ကိုယ်နေဟန်ထားအပြောင်းအလဲကို သတိပြုသင့်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,704

Healthy Organization, provided by MyHealthcare

Featured on