သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး

သားအိမ်ကျန်းမာစေရန် စားသင့်သော အစားအစာ (၅) မျိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သားအိမ်ဟာ အမျိုးသမီးခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါတယ်။ သားအိမ်ဟာ အမျိုးသမီးမျိုးပွားအင်္ဂါအဖွဲ့ရဲ့ အဓိကနေရာကနေပါဝင်တဲ့အတွက် သူ ကျန်းမာရေးကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ အောက်ပါတို့ဟာ သားအိမ်ကျန်းမာ စေဖို့အတွက် စားသုံးသင့်တဲ့ ထိပ်တန်းအစားအစာတွေပါ။

► အမျှင်ဓာတ်ပါဝင်မှုများသော အစားအစာများ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားသုံးတာက ခန္ဓာကိုယ်က အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ပစ်ဖို့ ကူညီနိုင်ပါတယ်။ အမျှင် ဓာတ်စားမိလို့ တစ်နေ့ ဝမ်း နှစ်ကြိမ်၊ သုံးကြိမ် သွားတာလောက်ကို စိတ်မပူပါနဲ့။ သူက ခန္ဓာကိုယ်အတွင်းက ပိုလျှံနေတဲ့ အီစထရိုဂျင်တွေကိုလည်း ဖယ်ရှားပေးပါ တယ်။ ဒီလိုဖယ်ရှားလိုက်တာကြောင့် ကိုယ်တွင်းမှာ သားအိမ်အလုံးမဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ကောက်နှံတစ်ခု လုံးပါဝင်စာတွေမှာ အမျှင်ဓာတ်တွေ များစွာ ပါဝင်တာကြောင့် သူတို့ကို စားသုံးပေးပါ။ ဓာတုပစ္စည်းနဲ့ ပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်အစားအစာကို ရွေး ချယ်တာက ကလေးရနိုင်ဖို့ အခွင့်အရေးပိုများပါတယ်။ 
အမျှင်ဓာတ်ပါဝင်မှုများတဲ့အစားအစာ စားသုံးရင် တစ်နေ့ကို ရေ ၈-၁၀ ခွက်အ ထိ သောက်ဖို့ မမေ့ပါနဲ့။ အစာခြေစနစ်အတွင်း အမျှင်ဓာတ်တွေ အလွယ်တကူ ရွေ့ လျားနိုင်ဖို့အတွက်ပါ။

► နို့နှင့် နို့ထွက်ပစ္စည်းများ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ထောပတ်လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းတွေကို သားအိမ် ကျန်းမာရေးအတွက် နေ့စဉ် စားပေးဖို့ လိုအပ်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ တွေ များစွာ ပါဝင်ပါတယ်။ ကယ်လ်စီယမ်ဟာ အရိုးကျန်း မာရေးကို အထောက်အကူပြုပြီး ဗီတာမင် ဒီ ကတော့ သားအိမ်အလုံးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီ က ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူ မှုအတွက် ကူညီပေးပါတယ်။

► အစိမ်းရောင်အစားအစာများ

ဟင်းနုနယ်၊ ဖက်ယားရွက်၊ ဆလတ်ရွက်၊ ကိုက်လန်လိုမျိုး အစိမ်းရောင်အရွက် တွေက သားအိမ်အတွင်း အယ်လ်ကာလီညီညွတ်မျှတမှုရှိအောင် ကူညီပေးပါ တယ်။ ဒါ့အပြင် အာရုံကြောစနစ် လုပ်ဆောင်ချက်ကောင်းမွန်စေနိုင်ပါတယ်။ ဒီအစိမ်းရောင် အရွက်တွေမှာ ဖောလစ်အက်စစ်လည်း ပါဝင်တဲ့အတွက် သင့်သားအိမ်က ကျန်းမာ တဲ့ သန္ဓေသားရရှိဖို့အတွက် အဆင်သင့်အနေအထားကို ရောက်ရှိစေနိုင်ပါတယ်။

► အစေ့အဆန်များ

အစေ့အဆန်တွေက ခန္ဓာကိုယ်အတွင်း ဟော်မုန်းထုတ်လုပ်မှုကောင်းမွန်ဖို့ အတွက် လိုအပ်ပါတယ်။ ဗာဒံစေ့၊ သီဟိုဠ်စေ့နဲ့ ဂုန်လျှော်စေ့လိုမျိုး အစေ့အဆန် တွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့ ကိုလက်စထရော တွေ များစွာ ပါဝင်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်ဟာ သားအိမ်အလုံးမဖြစ် အောင်နဲ့ သားအိမ်ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကျန်းမာရေး ကောင်းစေတဲ့ ကိုလက်စထရောက သွေးတွင်းကိုလက်စထရောအဆင့်တွေ ပုံမှန်ဖြစ် အောင် ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် သူတို့က ပေါင်မပြည့်ကလေး ဒါမှမဟုတ် လမစေ့ကလေးတွေ မမွေးဖွားအောင်လည်း ကာကွယ်ပေးပါတယ်။

► ရှောက်သီး/သံပရာသီး
ရှောက်သီး၊ သံပရာသီးမှာ ဗီတာမင် စီ တွေ များစွာ ပါဝင်တဲ့အတွက် ခုခံအား စနစ်တွေ မြှင့်တင်ဖို့ ကူညီပေးနိုင်တဲ့အတွက် သားအိမ်ရဲ့ ခုခံအား လည်း ကောင်းမွန် လာနိုင်ပါတယ်။ သားအိမ်ခုခံအား ကောင်းလာတာကြောင့် သားအိမ်အတွင်း ဘက် တီးရီးယားလို ရောဂါပိုးမဝင်ရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်အိပ်ရာ ထခါစမှာ ရေနွေးတစ်ခွက်ထဲကို ရှောက်ရည်ညှစ်သောက်ပေးပါ။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 5,738

Healthy Organization, provided by MyHealthcare

Featured on