လည်ပင်းအရိုးစူးတဲ့အခါ ပြုလုပ်သင့်တဲ့အရာများ

ငါးရိုးစူးခြင်းဟာ စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာမျိုးတော့ မဟုတ်ပေမယ့် ခံစားရခက်တဲ့ဝေဒနာတမျိုးလို့တော့ ပြောလို့ရပါတယ်။ အရိုးစူးတဲ့အခါ အစားအသောက်ပျက်ပြီး နေရထိုင်ရခက်တာကြောင့် အမြန်ဆုံးသက်သာချင်စိတ်နဲ့ မလုပ်သင့်တာတွေ လုပ်မိတတ်ပါတယ်။

ဒါကြောင့်မို့လို့ မတော်တဆလည်ပင်း အရိုးစူးတဲ့အခါ လွယ်လွယ်ကူကူ ပြုလုပ်နိုင်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သံပရာရည်

သံပရာသီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ဟာ လည်ချောင်းတဝိုက်မှာ ထောက်နေတဲ့ ငါးအရိုးကို ပျော်ကျသွားစေ နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်လောက်ကို ရေအနည်းငယ်နဲ့ရောပြီး သောက်ပေးသင့်ပါတယ်။

(၂) သံလွင်ဆီ

သံလွင်ဆီဟာ သဘာဝချောဆီတမျိုးဖြစ်တာကြောင့် လည်ပင်းမှာ အရိုးကပ်နေတာမျိုးနဲ့ အရိုးစူးနေတာမျိုးကို အချိန်တိုအတွင်း သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

(၃) ငှက်ပျောသီး

ဒီနည်းလမ်းကတော့ ငါးအရိုးစူးတဲ့အခါ အများဆုံးပြုလုပ်တတ်ကြတဲ့ နည်းလမ်းတခုဖြစ်ပြီး ငှက်ပျောသီးကို ဝါးစားလိုက်တာမျိုးထက် ပါးစပ်ထဲ ခပ်ကြာကြာငုံပြီးမှ မျိုချလိုက်ခြင်းက ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။

(၄) ဆိုဒါ

ဂတ်စ်ပါဝင်မှုများတဲ့ ဆိုဒါနဲ့ကိုလာတို့လို အချိုရည်မျိုးကလည်း လည်ချောင်းတွင်းမှာ စူးနေတဲ့အရိုးကို ပျော့သွားစေနိုင်တာကြောင့် သောက်သုံးပေးနိုင်ပါတယ်။

(၅) ဆားရည်

ငါးအရိုးစူးတဲ့အခါ လတ်တလောသက်သာပျောက်ကင်းဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းတခုကတော့ အိမ်မှာရှိတဲ့ ဆားအနည်းငယ်ကို ရေနဲ့ဖျော်စပ်ပြီး သောက်သုံးခြင်းက သက်သာစေနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2KN0JSv
----------------------------------------
www.myhealthcare.com.mm

Page views: 2,532

Healthy Organization, provided by MyHealthcare

Featured on