ကြွက်တက်ခြင်း

အလိုအလျှောက် ခြေထောက် ကြွက်သားတွေမှာ ကွက်ပြီး၊ ရုတ်တရက်နာတာကို ကြွက်တက်ခြင်းလို့ခေါ်ပါတယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။

-ကိုယ်ဝန်ဆောင်၊
-ကိုယ်လက်လှုတ်ရှာ-အားကစား၊
-Salt and electrolyte imbalances ဓါတ်ဆား-မျှခြေပျက်ခြင်း၊
-Peripheral nerves, Blood vessels,or Muscles disorders
အဖြားပိုငျးအာရုံကွော-သှေးကွောကွှကျသား ရောဂါမြား၊
-Renal dialysis ကျောက်ကပ်စစ်ယူမှု ချို့ယွင်းခြင်း နဲ့တချို့ဆေးဝါးတွေကြောင့်
ဖြစ်မယ်လို့ ထင်ရတယ်။ဘာလို့ ဖြစ်မှန်းမသိတာလဲ ရှိတယ်။ အသက်ကြီးလာလေ အဖြစ်များလေဖြစ်တယ်။

12 systematic reviews (RCTs) စတစ်တကျလေ့လာမှု ၁၂ ခုလုပ်ခဲ့တယ်။
Analgesics အနာသက်သာဆေးများ၊ Anti-epileptic drugs အတက်သက်သာဆေးများ၊ Calcium salts (ကယ်လ်စီယမ်) ဓါတ်ဆား၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ Magnesium salts (မက်ဂနီဆီယမ်) ဓါတ်ဆား၊ Multivitamin and Mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားများ၊ Quinine alone (ကွီနင်း) ဆေး၊ Quinine with Theophylline (ကွီနင်း + (သီယိုဖိုင်လင်း)၊ Sodium chloride (ဆိုဒီယမ်-ကလိုရိုက်)၊ Stretching exercises ကိုယ်လက်ဆန့်တန်း
လေ့ကျင့်ခန်းတွေကို စမ်းသပ်ခဲ့တယ်။

Quinine ငှက်ဖျားဆေးကနေ သိသိသာသာသက်သာစေတယ်။
ဒါပေမဲ့ ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက် ကြာကြာ ပေးရမယ်ဆိုတာ
အတိအကျ မသိရသေးဘူး။ Quinine ငှက်ဖျားဆေးနဲ့အတူTheophylline(သီယိုဖိုင်လင်း)
ဆေးပါတွဲပေးရင် (ကွီနင်း) တမျိုးထဲပေးတာထက် ပိုပြီးသက်သာမယ်လို့ ယူဆတယ်။ Quinine ဆေးကြောင့် Cardiacarrhythmias နှလုံးခုန်မမှန်တာ၊
Thrombocytopenia သွေးမှုံနည်းတာ၊ Severe hypersensitivity reactions ဆေးနဲ့ မတည့်တာတွေ ဖြစ်စေနိုင်တယ်။ pregnancy ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝမသင့်တာတော့ သိကြပြီးသားပါ။Analgesics အနာသက်သာဆေးတွေ၊
Anti-epileptic drugs အတက်သက်သာဆေးတွေ၊ Calcium salts (ကယ်လ်စီယမ်) ဓါတ်ဆား၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ Magnesium salts (မက်ဂနီဆီယမ်) ဓါတ်ဆား၊ Multivitamin and Mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေရဲ့ ထိရောက်မှုကို အသေအခြာမပြောနိုင်ပါ။
Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုအရ ထွက်လာတဲ့ ရလဒ်တွေ -

၁။ Quinine ငှက်ဖျားဆေး
Quinine (ကွီနင်း) ပေးတာဟာ ညအချိန် ကြွက်တက်တာကို ၄ပါတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။

၂။ Quinine + Theophylline
Quinine တမျိုးထဲပေးတာထက် Theophylline နဲ့ပါတွဲပေးတာဟာ ပိုသက်သာစေတယ်ဆိုတဲ့အထောက်အထားနည်းနည်းလေးသာ တွေ့ရသေးတယ်။

၃။ Analgesics အနာ-အကိုက် သက်သာဆေးတွေ
ဒီလိုဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။

၄။ Vitamin E
ဗီတာမင် (အီး) ပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထားမရှိပါ။

၅။ Magnesium salts
ကိုယ်ဝန်ဆောင်နေစဉ် ကြွက်တက်တာအတွက် Magnesium lactate,
Magnesium citrate ပေးတာ ၃ပါတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။

၆။ Calcium Salts
ကိုယ်ဝန်ဆောင်နေစဉ် ကြွက်တက်တာအတွက် (ကယ်လ်စီယမ်) ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

၇။ Multivitamins and minerals
ကိုယ်ဝန်ဆောင်နေစဉ် ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ဓါတ်ဆားတွေ
ပေးတာနဲ့သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/32rbBx8
----------------------------------------
www.myhealthcare.com.mm

Page views: 372

Healthy Organization, provided by MyHealthcare

Featured on