ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ

ကိုယ်ဝန်ဆောင်မိခင်များ ဘာကြောင့် Ultrasound (တယ်လီဗွီးရှင်းဓာတ်မှန်) ရိုက်သင့်သလဲ
-----------------------------------------------------------

• Ultrasound တယ်လီဗွီးရှင်းဓာတ်မှန် လို့ပြောလိုက်တာနဲ့ မိခင်လောင်းတိုင်းက ကိုယ့်ရင်သွေးလေး ယောကျာ်းလေးလား မိန်းကလေးလား သိချင်စိတ်နဲ့ ရိုက်ကြည့်ချင်ကြတာပါ.

Ultrasound ရိုက်သင့်သော အခြေအနေများ
- ရာသီပေါ်ရက် မမှတ်မိသူများ
- ကိုယ်ဝန် ၁၁ပတ်မှ၁၃ပတ်တွင်း ၁ကြိမ်
- ကိုယ်ဝန် ၁၈ပတ်မှ၂၁ပတ်တွင်း ၁ကြိမ်
- ၂၀ ပတ် ဝန်းကျင် ရိုက်သော USG တွင် အချင်းအနေထားမမှန်ပါက
ကိုယ်ဝန် ၈လ ကျော်တွင် ထပ်ရိုက်ရန်လိုသည်
- လရင့်ကိုယ်ဝန် ကလေးအနေထားမမှန်ပါလျှင်
- ဝလွန်းသောကြောင့် ကလေးအနေထားကောင်းစွာစမ်းသပ်မရ သည့်အခါတွင်
- ကလေး အလှုပ်နည်းပါလျှင်
- အမြွှာပူး ကိုယ်ဝန်ဆောင်များ

*** အခြား အကြောင်းအရာ များစွာရှိသည့်အနက် အကျဉ်းသာဖော်ပြထားပါသည်။
*** မိမိနှင့်ပြထားသော ဆရာဝန်/OG မှ လိုအပ်ပါက ညွှန်ကြားသည့်အတိုင်း လိုက်နာသင့်ပါသည်။

USG ရိုက်ခြင်းဖြင့် ဘာတွေသိနိုင်သလဲ
- ကိုယ်ဝန် လ၊ ခန့်မှန်းမွေးရက်ကို ခန့်မှန်းသိရှိနိုင်
- ၁ယောက်ထည်းလား အမြွှာပူး လေးလား
- ကိုယ်ဝန်က ပုံမှန်တိုင်း ရှိရမည့်နေရာ တွင်ရှိ.မရှိ
- ကလေးအနေအထား မှန်.မမှန်
- အချင်းအနေအထား
- သားအိမ်/သားဥအိမ် စသည့်နေရာများတွင် အခြားရောဂါ ရှိ.မရှိ
- ရေမွှာရည် အနည်းအများ
- ကလေး ကျန်းမာရေး ကောင်း.မကောင်း
- မွေးရာပါ ကိုယ်လက်အင်္ဂါ စုံ.မစုံ
- ယောကျာ်းလေး မိန်းကလေးစသည့် အချက် အလက်များစွာ သိရှိနိုင်သည်။

***အကြမ်းဖျဉ်းအားဖြင့် USG ရိုက်ခြင်းဖြင့် မိခင်ရော သန္ဓေသားပါ ကျန်းမာရေး မထိခိုက်နိင်ပါ ။

Ref : အမျိုးသမီး မိခင်လောင်းများတွက် မှတ်ဖွယ်မှတ်ရာ အဖြာဖြာ

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2KN0JSv
----------------------------------------
www.myhealthcare.com.mm
 

Page views: 800

Healthy Organization, provided by MyHealthcare

Featured on