A Bridge between Youth and Sexuality Education

• ဒေါက်တာ ဖြိုးသီဟမှ "Youth and Sexuality Education" ခေါင်းစဉ်ဖြင့် မျိုးဆက်ပွါးကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၇ ရက်နေ့ နေ့လည်(၂:၀၀ မှ ၅:၀၀ အထိ) ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ လူငယ်များ တက်ရောက်သင့်သည့် ဟောပြောပွဲ တစ်ခုပဲဖြစ်ပါသည်။

• ထို့အပြင် မျိုးဆက်ပွါးကျန်းမာရေးကို အခြေပြု၍ အသစ်ထွက်ရှိထားသော MyHealthcare အက်ပလီကေးရှင်းကို အကျိုးရှိရှိအသုံးပြုနိုင်ရန် လက်တွေ့ရှင်းပြသွားမှာဖြစ်ပါသည်။

• MyHealthcare အက်ပလီကေးရှင်း မှ တဆင့် သူငယ်ချင်းဆွေမျိုးသားချင်းမိဘများအား တိုင်ပင်ရန် မဝံ့ရဲသည့် မျိုးဆက်ပွားကျန်းမာရေးအပါအဝင် အခြားသိလိုရာ ကျန်းမာရေးမေးခွန်းများကို ဆရာဝန်များနှင့် ၂၄ နာရီ ပတ်လုံး အခမဲ့မေးမြန်းဆွေးနွေးနိုင်ပါသည်။ မိမိနှင့် အနီးဆုံး ဆေးရုံ၊ ဆေးခန်းများအား ရှာဖွေဆက်သွယ်နိုင်ပြီး ကျန်းမာရေးဆောင်းပါးများအား စိတ်ကြိုက်ရှာဖွေဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

လူဦးရေအကန့်အသတ် ရှိပါသဖြင့် ဖော်ပြပါ link - https://bit.ly/2lOP3Tf တွင် ကြိုတင်စာရင်းပေးသွင်း ရန်လိုအပ်ပါသည်။

နေ့ရက် ။ ။ ၇ ရက် ဇူလိုင်လ ၂၀၁၈
အချိန် ။ ။ နေ့လည် ၂ နာရီ မှ ၅ နာရီထိ
နေရာ ။ ။ MESI Business Institute (Hledan Campus), အမှတ် (၆-A)၊တိုက်အမှတ် ( ၁၅/၁၇) ၊ Bang Bang Condo၊ လှည်းတန်း၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန် - အင်းစိန်လမ်းမကြီး။

Healthy Organization, provided by MyHealthcare

Featured on