အစားလျော့စားပင်မယ့် ကိုယ်အလေးချိန် ဘာကြောင့် မြင့်တက်လာရတာလဲ..?

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အစားအသောက်တွေကိုလည်း ဆင်ခြင်စားသုံးနေတယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်နေပေမယ့် ဝိတ်ကျ မသွားဘဲ ကိုယ်အလေးချိန် ဆက်လက်မြင့်တက်နေတုန်းပဲ ဆိုရင်တော့ အခုဖော်ပြပေးမယ့် အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁) အိပ်ရေးပျက်ခြင်း

အိပ်စက်ချိန်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဖြစ်စဉ်တခုပဲ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက်တွေကို ဆင်ခြင်စားသုံးနေပေမယ့် လုံလောက်တဲ့ အိပ်စက်ချိန် မရှိဘူး ဆိုရင်တော့ ဒါဟာ သင့်ကို ကိုယ်အလေးချိန် မြင့်တက်စေနေတဲ့ အချက် တချက်ပဲ ဖြစ်ပါတယ်။

(၂) မနက်စာ မစားခြင်းနဲ့ အစား အလွန်အကျွံ လျှော့စားခြင်း

အစားလျှော့စားတာဟာ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ ပုံသေ သတ်မှတ်လို့ မရပါဘူး။ မနက်စာ မစားဘဲ နေခြင်းနဲ့ အစားအလွန်အကျွံ လျှော့စားခြင်းတို့ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီး ကိုယ်အလေးချိန်ကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှု များခြင်း

စိတ်ဖိစီးမှု ဟော်မုန်းတွေကလည်း ခန္ဓာကိုယ် အလေးချိန်ကို ပိုမိုမြင့်တက်စေတဲ့ အချက်တချက် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးခုန်နှုန်းကိုလည်း မညီမမျှ ဖြစ်စေနိုင်ပါတယ်။

(၄) ဆေးဝါးတွေကို ရေရှည် စွဲသောက်နေရခြင်း

ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက်လည်း ဆင်ခြင်နေတယ်၊ ကိုယ်လက်လှုပ်ရှားလည်း ပုံမှန်လုပ်နေပေမယ့် ဝိတ်က ဆက်တက်နေသေးတယ်ဆိုရင်တော့ သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Steroid ပါဝင်တဲ့ Prednisone၊ Hydrocortisone ၊ Cortef စတဲ့ ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ ဘေးထွက် ဆိုးကျိုးအနေနဲ့ ကိုယ်အလေးချိန်ကို မြင့်တက်လာနိုင်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 201

Healthy Organization, provided by MyHealthcare

Featured on