ကြက်ဟင်းခါးသီး၏ ကျန်းမာရေးကောင်းကျိုး(၅)ချက်

(၁) သွေးတွင်းမကောင်းသော အဆီဓာတ်များကိုလျော့ချပေးခြင်း
သွေးပြဿနာများ ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကင်ဆာဆဲလ်များပွားခြင်းကို လျော့ချတားဆီးပေးခြင်း
ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။

(၃) ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ခြင်း
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူ လင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုက ို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း
ကြက်ဟင်းခါးရွက် (သို့) အသီးကို ရေနဲ့ပြုတ်ပြီး နေ့စဉ်စားပါက ကူးစက်ရောဂါများကို ကာကွယ်ပါတယ်။ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန် လာစေပါတယ်။

(၅) အမြင်အာရုံကို ကောင်းမွန်စေခြင်း
မျက်စိပြဿနာများ ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်း မွန်စေပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application

==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 2,544

Healthy Organization, provided by MyHealthcare

Featured on